အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေး မြို့(၇)မြို့နယ် ၌ စင်တာများ ဖွင့်လှစ်ထားရှိ

Credit to Popular Journal - အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ယာယီလုံခြုံရေးလိုအပ်ပါက ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေ၊ စုစုပေါင်း (၇) မြို့တွင် (One Stop Women Support Center-OSWSC) များကို ဖွင့်လှစ်ထားရှိထားကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှုကာလကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများသည် ပုံစံမျိုးစုံသော အကြမ်းဖက်မှုများကို ကြုံတွေ့နေရမည်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာနှောင့်နှေးစေမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။ ထို့ကြောင့် မိမိတို့နိုင်ငံ လူဦးရေ၏ […] The post အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေး မြို့(၇)မြို့နယ် ၌ စင်တာများ ဖွင့်လှစ်ထားရှိ appeared first on Popular .