ပြင်ဦးလွင်ရောက် ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာမိသားစုများကို ICRCက စားနပ်ရိက္ခာနှင့် အိမ်ထောင်စုသုံးပစ္စည်းများ ထောက်ပံ

Credit to Popular Journal - ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာပြီး လက်ရှိ ပြင်ဦးလွင်တွင်လာရောက်နေထိုင်နေသည့် မိသားစု ၂၅၀ ကို စားနပ်ရိက္ခာနှင့် အရေးပေါ် အိမ်ထောင်စုသုံးပစ္စည်းများကို ပေးဝေခဲ့ကြောင်း ICRC Myanmar က ယနေ့ (ဒီဇင်ဘာ ၁၈)ရက်၌ ထုတ်ပြန်ထားသည်။ အဆိုပါ နေရပ်စွန့်ခွာမိသားစုများအနေဖြင့် ပြန်လည်တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေရန် မန္တလေးတွင်ရှိသည့် အိုင်စီအာရ်စီအဖွဲ့က စားနပ်ရိက္ခာခွဲတမ်းများနှင့် အရေးပေါ်အိမ်ထောင်စုသုံးပစ္စည်းများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့မှုများတွင် ဆန်၊ဆီနှင့် အခြားဟင်းချက်ပစ္စည်းများပါဝင်သည့်အပြင် မရှိမဖြစ်အရေးကြီးသည့် ပစ္စည်းများဖြစ်သည့် ဆိုလာမီးချောင်းများ၊အမျိုးသမီးသုံးပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများပါဝင်ကြောင်း သိရသည်။ အိုင်စီအာရ်စီအနေဖြင့် မြေပြင်တွင် ဆက်လက်ရှိနေပြီး ပဋိပက္ခနှင့် ငလျင်ကြောင့် ထိခို-က်ခံစားခဲ့ရသည့် ရပ်ရွာလူထုများကို ပြန်လည်ထူထောင်ရေးမှာ ထောက်ပံ့ကူညီနေကြောင်း လည်း သိရသည်။ The post ပြင်ဦးလွင်ရောက် ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာမိသားစုများကို ICRCက စားနပ်ရိက္ခာနှင့် အိမ်ထောင်စုသုံးပစ္စည်းများ ထောက်ပံ appeared first on Popular .