စဉ့်ကူးနှင့် စကုမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို ပစ်သတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်သားများသည် ဧရာဝတီမြစ်ကြောင်းအနီးမှ အောက်ဘက်သို့ စုန်ဆင်းလာသော ပြည်သူ ၂ ဦးလိုက်ပါလာသည့် မော်တော် ၁ စီးကို လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အလားတူ စဉ့်ကူးမြို့နယ်၊ ရေတော်ရွာ ရောက်ရှိနေသော အကြမ်းဖက် […] The post စဉ့်ကူးနှင့် စကုမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို ပစ်သတ် appeared first on Khit Thit Media .