နယူးဒေလီမြို့၌ မြန်မာသံရုံးသစ်နှင့် ဝန်ထမ်းနေအိမ်အဆောက်အအုံသစ်တို့ တည်ဆောက်မည်

Credit to Popular Journal - အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ မြန်မာသံရုံးအား (၄) ထပ် သံကူကွန်ကရစ်အဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာအသစ်တို့ကိုတည်ဆောက်သွားမည်ဖြစ်ရာ ဒီဇင်ဘာ ၁၆ ရက်နံနက် ၁၀ နာရီက မြေသန့်မင်္ဂလာနှင့် ပန္နက်တင်အခမ်းအနားကျင်းပခဲ့သည်။ အဆိုပါ အဆောက်အအုံသစ်ကို မြန်မာသံရုံးဝင်းအတွင်း၌ ဆောက်လုပ်မည်ဖြစ်ရာ နယူးဒေလီမြို့ရှိ ဒေလီတက္ကသိုလ်မှဆရာတော်များက အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပြီးဆုတောင်းမေတ္တာပို့သခဲ့ကြပြီးနောက် မြန်မာသံအမတ်ကြီးဦးဇော်ဦး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်မိုးလွင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီ Chopra Constructions ၏ တာဝန်ရှိသူ Mr. Vikram Chopra တို့က ပန္နက်တင်မင်္ဂလာအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် (၄) ထပ် သံကူကွန်ကရစ်သံရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေး မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။ The post နယူးဒေလီမြို့၌ မြန်မာသံရုံးသစ်နှင့် ဝန်ထမ်းနေအိမ်အဆောက်အအုံသစ်တို့ တည်ဆောက်မည် appeared first on Popular .