ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ဟု စစ်တပ်၏ ထုတ်ပြန်မှု ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မည်ဟု သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်သည်ဟု စစ်တပ်၏ ထုတ်ပြန်မှုမှာ ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မည်ဖြစ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုလိုက်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း အကြမ်း ဖက် စစ်တပ်က သတင်းထုတ်ပြန်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်သော ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် သက်သေတစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိခဲ့ပေ။ “စစ်အစိုးရက မေမေဟာ “ကျန်းမာရေးကောင်းမွန်ပါတယ်” လို့ အတင်းအကျပ်ယုံခိုင်းနေပေမယ့် သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံး ကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ သက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ။ Shakespeare […] The post ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ဟု စစ်တပ်၏ ထုတ်ပြန်မှု ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မည်ဟု သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းပြော appeared first on Khit Thit Media .