ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခပြေလည်ရေး တရုတ်က အထူးသံတမန်လွှတ်

Credit to Popular Journal - တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးပြန်ရရန် ထပ်မံကြိုးပမ်းဆောင်ရွက်ဖို့အတွက် အထူးသံတမန်တစ်ဦးကို ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ စေလွှတ်လိုက်သည်။ အာရှရေးရာ အထူးသံတမန် တန်ရှီကျန်သည် ကြာသပတေးနေ့တွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်၍ ကြားဝင်စေ့စပ်ညှိနှိုင်းမှုလုပ်မည်ဖြစ်ကြောင်း ပေကျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံသည် နှစ်နိုင်ငံအကြားဖြစ်ပွားလျက်ရှိသော နယ်စပ်ပဋိပက္ခကို အနီးကပ်စောင့်ကြည့်နေသည်။ တင်းမာမှု လျှော့ချရေးအတွက် တရုတ်နိုင်ငံက ၎င်း၏ ကိုယ်ပိုင်နည်းလမ်းဖြင့် တက်ကြွစွာဆောင်ရွက်လျက်ရှိသည်” ဟု ဘန်ကောက်ရှိ တရုတ်သံရုံးကလည်း ထုတ်ပြန်သော ကြေညာချက်တွင်လည်း ဖော်ပြခဲ့သည်။ ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားစစ်သားများထံမှ တရုပ်လုပ် တင့်ကားဖျ-က်ဒုံးကျည်အမြောက်အများကို သိမ်းဆည်းရမိခဲ့သည့် သတင်းများထွက်လာပြီး နောက်ကမ္ဘောဒီးယားဘက်ကအသုံးပြုနေသော တရုတ်လက်နက်များအပေါ် အာရုံစိုက်လာချိန်တွင် မစ္စတာတန်၏ ခရီးစဉ်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ တရုတ်နိုင်ငံသည် ထိုင်း၊ ကမ္ဘောဒီးယားနှစ်နိုင်ငံလုံးနှင့် ပုံမှန်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နေပြီး မည်သည့် တတိယအဖွဲ့အစည်းကိုမျှ ပ-စ်မှတ်ထားခြင်းမဟုတ်သကဲ့သို့ နယ်စပ်တလျှောက် […] The post ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခပြေလည်ရေး တရုတ်က အထူးသံတမန်လွှတ် appeared first on Popular .