ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ နီးပါး ဖမ်းဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီ မြို့နယ်တွင် ဘုရားသုံးဆူဘက်မှ တောလမ်းအတိုင်း ဝင်ရောက်လာသော တရားမဝင် မြန်မာနိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များက တောနင်းရှာဖွေရာမှ တရားမဝင် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရရှိခြင်းဖြစ်ပြီး အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ပါဝင်ကြောင်း သိရှိရသည်။ အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်အတွင်းရှိ တောစပ်တစ်နေရာတွင် မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ ဝင်ရောက် လာသော […] The post ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ နီးပါး ဖမ်းဆီးခံရ appeared first on Khit Thit Media .