စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးမည်

Credit to Popular Journal - ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်က အသိပေးထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် Online Trading Market ၌ တစ်ဒေါ်လာ ၃၆၄၉ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ၅၅၆ ဒသမ ၆၀ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် ၁၂၄ ဒသမ ၅၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၆၅၀,၀၀၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။ FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း ၊ ဓာတ်မြေဩဇာ ၊လူသုံးကုန်ပစ္စည်းများ ၊ ဆေးဝါးနှင့် […] The post စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးမည် appeared first on Popular .