စစ်တပ်ထိန်းချုပ်သတင်းဌာနများကို Facebook,YouTube,Twitch, Mediafire တို့ဖြုတ်ချ

မန္တလေးတွင်အခြေစိုက်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစီးထုတ်ဝေသည့် ရတနာပုံသတင်းစာ၊ အာဏာသိမ်းပြီးနောက် စစ်တပ်၏ဝါဒဖြန့်ချိရေးသတင်းဌာနဖြစ်လာသည့် မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားနှင့် MITV တို့ကို နည်းပညာကုမ္ပဏီများက ၎င်းတို့ပိုင်အင်တာနက် ပလက်ဖောင်းများမှ ဖယ်ရှားပစ်ခဲ့သည်။