ပုပ္ပါးတောင်သို့ လာရောက်လည်ပတ်သူများအနေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူများတိုက်တွန်း

Credit to Popular Journal - လက်ရှိ ခရီးသွားရာသီတွင် ပုပ္ပါးတောင်သို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားပြည်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသူများက ထောက်ပြပြောဆိုကြသည်။ ပုပ္ပါးတောင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားမြို့အနီးတွင်တည်ရှိပြီး တောင်တက်သူများနှင့် ဘုရားဖူးခရီးသွားပြည်သူများဖြင့် စည်ကားသောနေရာတစ်ခုဖြစ်ပြီး ထိုသို့ ခရီးသွားပြည်သူများ စည်ကားလာသည်နှင့်အမျှ စနစ်တကျစွန့်ပစ်မှုမရှိသူများကြောင့် သဘာဝပတ်ဝန်းကျင်များမှာ အမှိုက်များဖြင့် အကျည်းတန်ရသကဲ့သို့ သဘာဝပတ်ဝန်းကျင်ပျ-က်စီးမှုများ ဖြစ်ပွားနေရကြောင်း သဘာဝပ တ်ဝန်းကျင်အရေးတက်ကြွ လှုပ်ရှားသူများက ဆိုသည်။ “ဒီကာလ တောင်တက်ရာသီဖြစ်တာမို့ သဘာဝအခြေခံခရီး သွားနှစ်သက်ကြသူများနဲ့ စည်းကားနေလေ့ရှိပါတယ်။ တောင်တက်ခရီးသွားတွေ ပေါများလာတာနဲ့အတူပါလာတဲ့အမှိုက်တွေက သဘာဝတောတောင်ရေမြေကို အရုပ်ဆိုးအကျည်းတန်မှုနဲ့ သဘာဝကိုလည်း ပျ-က်စီးစေမှုတွေဖြစ်လာပါတော့တယ်။ တောင်ရှိလို့တောင်တက်ကြပေမယ့် တောင်ပေါ်မှာအမှိုက်တွေမထားရစ်ခဲ့ပဲ တောင်တက်ကြတဲ့ တောတောင်ရေမြေသဘာဝကိုချစ်သော တာဝန်သိခရီးသွားများဖြစ်စေဖို့ မေတ္တာရပ်ခံတိုက်တွန်းပါတယ်” ဟု သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။ ပုပ္ပားတောင်သည် […] The post ပုပ္ပါးတောင်သို့ လာရောက်လည်ပတ်သူများအနေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူများတိုက်တွန်း appeared first on Popular .