မြတ်စွာဘုရားရှင်၏ ဓာတ်တော်(၃)ဆူကိုဌာပနာသွင်းတည်ထားသည့် ကောင်းမှုလုံစေတီတော်အား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖူးမြော်ကြည်ညို

Credit to Popular Journal - ကချင်ပြည်နယ်သို့ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု- ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက မချမ်းဘော့မြို့နယ်၌ မြတ်စွာဘုရားရှင် ၏ ဓာတ်တော်(၃)ဆူကိုဌာပနာသွင်းတည်ထားသည့် ကောင်းမှုလုံစေတီတော်အားဖူးမြော်ကြည်ညိုခဲ့သည်။ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီတော်အားဖူးမြော်ကြည်ညိုပြီး စေတီတော်ဘက်စုံပြုပြင်မွမ်းမံထိန်း သိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ ကောင်းမှုလုံစေတီတော်သည် မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာအနီး မလိခမြစ်၏ အရှေ့ဘက်ကမ်း၌ သာသနာသက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာသော ကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရားရှင်၏ ဓာတ် တော်(၃)ဆူကိုဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကာ ပူတာအိုဒေသတွင် အရွယ်အစားနှင့် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဖျားအစွန်းတွင် ရှေးခေတ်အဆက်ဆက်မှ ယခုခေတ် ကာလတိုင် ဗုဒ္ဓသာသနာတော်တည်တံ့ထွန်းကားပြန့် ပွားဆဲဖြစ်သည်ဆိုသော မော်ကွန်းအထိမ်းအမှတ်သဖွယ်တည်ရှိနေတော်မူသည်။ The post မြတ်စွာဘုရားရှင်၏ ဓာတ်တော်(၃)ဆူကိုဌာပနာသွင်းတည်ထားသည့် ကောင်းမှုလုံစေတီတော်အား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖူးမြော်ကြည်ညို appeared first on Popular .