Credit to Popular Journal - အင်ဒိုနီရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာ ၉ ရက်မှ ဒီဇင် ဘာ ၁၃ ရက်အထိပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်းတက်ရောက်ခဲ့သည့် တပ်မတော် (ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့ ဒီဇင် ဘာ ၁၈ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေယာဥ်(ကျန်စစ်သား)အား ဗိုလ်မှူးကြီး ခွန်အောင်ကျော်ဦးဆောင်ပြီး ဒုတိယအကြိမ် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့် ခန်းသို့တက်ရောက်ရန် ဒီဇင်ဘာ ၃ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့မှတစ်ဆင့်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ သည် လေ့ကျင့်ခန်းဆိုင်ရာဖွင့်ပွဲအခမ်းအနားတက် ရောက်ခြင်း၊ လေ့ကျင့်ခန်းအမျိုးအစားအလိုက် ပင် လယ်ပြင်လက်တွေ့လေ့ကျင့်မှုများအတွက် အကြိုညှိ နှိုင်းခြင်း၊ Table Top Exercise […] The post ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခဲ့သည့် စစ်ရေယာဉ်(ကျန်စစ်သား)ပြန်လည်ရောက်ရှိ appeared first on Popular .