Credit to Popular Journal - နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များ၏ အခန်းကဏ္ဍအဓိကအရေးကြီးဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောပြော ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောတက်ရောက်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ရန်ကုန်စီးပွားရေးတက္ကသိုလ်(၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်ကမ္ဗည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် ငွေရတုအထိမ်းအမှတ် ကံ့ကော်ပင်ကိုစိုက်ပျိုးပေးခဲ့ကာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးတင်အောင်စန်း၊ ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးတို့မှလည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်နိုင်ရန် စီးပွားရေးပညာရှင်များ၏ကဏ္ဍသည် အဓိကအရေးကြီး၍ တက္ကသိုလ်များတွင်မျိုး ဆက်သစ်လူငယ်များကိုမှန်ကန်သည့် အသက်မွေးဝမ်းကျောင်း အသိပညာ၊ အတတ်ပညာများလေ့ကျင့်သင်ကြားပေးရန်လိုအပ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် “နိုင်ငံ၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်”ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြင့် ဈေးကွက်ဖွံ့ ဖြိုးရေး၊ ဈေးကွက်သစ်များရရှိရေး၊ ဈေးကွက်ချဲ့ထွင်ရေးတို့ကို တိုးချဲ့ဆောင်ရွက်ကြရမည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။ […] The post ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်ဖွင့်ပွဲကျင်းပ appeared first on Popular .