ရန်ကုန်၊ ဒီဇင်ဘာ ၁၉ မကွေးတိုင်း၊ မကွေးမြို့ ဒေါင်းနေ အကျဉ်းထောင်တွင် ထောင်ပိုင်လေး ဒုတာဝန်ခံအရာရှိ သန်းကျော်တင့် ဦးဆောင်သော အဖွဲ့က နိုင်ငံရေး အကျဉ်းသားများကို အလုပ်ကြမ်းများ ခိုင်းစေပြီး အလုပ်မလုပ်နိုင်သူများကို ရိုက်နှက်၍ ခြေကျင်းခတ် တိုက်ပိတ်မှုများ လုပ်ဆောင်နေသော ဒေါင်းနေထောင် ဝန်ထမ်းနှင့် အကျဉ်းသား မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် ဧပြီလပိုင်းက စတင်ပြီး မကွေးမြို့ ဒေါင်းနေအကျဉ်းထောင်ရှိ အမျိုးသား အဆောင်တွင် ထောင်အရေးအခင်းဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ထောင်ပိုင်လေး ဒုတာဝန်ခံအရာရှိ သန်းကျော်တင့်က ဦးဆောင်ပြီး အရာရှိ ဝင်းထွန်းနှင့် အခန်း ၄ အဆောင်မှူး အောင်နိုင်ဦးတို့က နိုင်ငံရေး အကျဉ်းသားများကို ဖိနှိပ် ရိုက်နှက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အောက်တိုဘာလပိုင်းကလည်း […] The post မကွေးမြို့ ဒေါင်းနေ အကျဉ်းထောင်တွင် ဒုတာဝန်ခံအရာရှိ သန်းကျော်တင့် ဦးဆောင်သော အဖွဲ့က နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းများ ခိုင်းစေပြီး အလုပ်မလုပ်နိုင်သူများကို ရိုက်နှက်၍ ခြေကျင်းခတ် တိုက်ပိတ် appeared first on Khit Thit Media .