ပေါင်းတည်၊ ရေတာရှည်နှင့် ကန့်ဘလူမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် လူထုဟောပြောပွဲများ ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ဒေသပြည်သူများက အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၉ ရက်၊ ၁၈ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ပေါင်းတည်မြို့ယ် ၊ ရေတာရှည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် ဒေသတွင် ပြည်သူများနှင့် သပိတ် အင်အားစုများ ပူးပေါင်း၍ အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ The post ပေါင်းတည်၊ ရေတာရှည်နှင့် ကန့်ဘလူမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် လူထုဟောပြောပွဲများ ပြုလုပ် appeared first on Khit Thit Media .