ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က ဒီဇင်ဘာလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးလည်းပျက်စီးခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ထုံးဘိုရွာ […] The post ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က ဒီဇင်ဘာလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိ appeared first on Khit Thit Media .