မြန်မာအလုပ်သမားများ(၂၀၁)ဦးထံမှ ပွဲစား၏ဝန်ထမ်းက Work Permit သက်တမ်းတိုးရန်ငွေကောက်ခံပြီးထွက်ပြေး

Credit to Popular Journal - ထိုင်းနိုင်ငံ၊ စမုစခွန်ရှိ Asia Hats and Garment Co., Ltd တွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂၀၁)ဦးထံမှ ထိုင်းလူများပွဲစား၏ မြန်မာနိုင်ငံသားဝန်ထမ်း(၂)ဦးက Work Permit သက်တမ်းတိုးရန်ဟုပြောဆိုပြီးငွေကောက်ခံကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြာင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ အဆိုပါ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ Work Permit သက်တမ်းတိုးခြင်းကို အလုပ်ရှင်ဖြစ်သူမှ ထိုင်းလူမျိုးပွဲစားမှတစ်ဆင့်လုပ် ဆောင်ရာမှ ပွဲစား၏ဝန်ထမ်းဖြစ်သော မြန်မာနိုင်ငံသား (၂)ဦးက ငွေကောင်ခံပြီးနောက်ဆောင်ရွက်ပေးခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့သို့ ထွက်ပြေးတိမ်းရှောင်သွားသော်လည်း ထိုင်းနိုင်ငံ သားပွဲစားဖြစ်သူက အလုပ်သမားများထံမှ Work Permit သက်တမ်းတိုးရန်အတွက် ငွေထပ်မံကောက်ခံမည်ဟုပြောဆိုကာ မပေးနိုင်ပါက အလုပ်မှထုတ်ပယ်မည်ဟုပြောဆိုသဖြင့် အလုပ်သမားများမှ အလုပ်သမားသံအရာရှိရုံးသို့ ဒီဇင်ဘာ ၁၄ ရက်တွင်တိုင်ကြားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် အလုပ်သမားသံအရာရှိရုံးမှ […] The post မြန်မာအလုပ်သမားများ(၂၀၁)ဦးထံမှ ပွဲစား၏ဝန်ထမ်းက Work Permit သက်တမ်းတိုးရန်ငွေကောက်ခံပြီးထွက်ပြေး appeared first on Popular .