ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ဖောကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာရွာ၊ တောင်လေးကုန်းမှ ဖောကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို ဒါလီတံတားအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၎င်းတို့ စီးနင်းလာသော ကားလည်းပျက်စီးခဲ့ကြောင်း သိရသည်။ “သံပုရာကျေးရွာ၊ ဒါလီတံတားအနီးမှာ စစ်ခွေးတွေ လိုက်လာတဲ့ ကား ၁ စီး မိုင်းဆွဲ ခံရတာ […] The post ကြာအင်းဆိပ်ကြီးနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်သားများ လိုက်ပါလာသော ကားနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး appeared first on Khit Thit Media .