ငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးသွားသည့် ဝန်ထမ်းအိမ်ရာများပြုပြင်ခြင်းနှင့် အိမ်ရာအသစ်များ ဆက်လက်တည်ဆောက်နေ

Credit to Popular Journal - အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ ၆၈၃ လုံးရှိသည့်အနက် ၆၇၅ လုံး ပြင်ဆင်ပြီးဖြစ် မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများပြုပြင်လျက်ရှိရာတွင် နိုင်ငံတော်က အိမ်ရာအသစ်များ တည်ဆောက်ပေးနေရာ ပျ-က်စီးမှုနည်းသော အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ ၆၈၃ လုံးရှိသည့်အနက် ၆၇၅ လုံး ပြင်ဆင်ပြီးဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပျ-က်စီးခဲ့ရသော အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအဆင့်အလိုက် အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆင့် ခွဲခြားသတ်မှတ်၍ အဆင့်အလိုက် ပြင်ဆင်ဆောင်ရွက်ရန် စီမံဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။ ထိုနည်းတူ လိမ္မော်ရောင်အဆင့် ဝန်ထမ်းအိမ်ရာ ၄၂၆ လုံးရှိသည့်အနက် အလုံး ၆၀ ပြင်ဆင်ပြီးဖြစ်ကာ ဝန်ထမ်းများ ပြန်လည်နေရာချထားမှုအနေဖြင့် အမှုထမ်း၊ အရာထမ်း စုစုပေါင်း ၁၁၅၈၅ ဦးအား မူလအိမ်ခန်းများတွင် ပြန်လည်နေရာချထားပြီးဖြစ်သည်ဟုလည်း သိရသည်။ […] The post ငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးသွားသည့် ဝန်ထမ်းအိမ်ရာများပြုပြင်ခြင်းနှင့် အိမ်ရာအသစ်များ ဆက်လက်တည်ဆောက်နေ appeared first on Popular .