မြန်မာ-ထိုင်းနယ်စပ် တိုက်ပွဲကြားက ကျားဖြန့်စင်တာ မင်းလက်ပံ

ကမ္ဘာကျော်အွန်လိုင်းငွေကြေးလိမ်လည်သည့်ဂိုဏ်းများ၏ ဌာနချုပ်ရှိရာ မြန်မာ-ထိုင်း နယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းဘေး မင်းလက်ပံရွာသို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက Myanmar Now က ဝင်ရောက်လေ့လာခွင့်ရခဲ့သည်။