Credit to Popular Journal - စက်တင်ဘာလ (၁၅) ရက်မှ စက်တင်ဘာ (၂၁) ရက် တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ (၆၆၁၀) ကျပ်ဖြစ်ပြီး ပြီးခဲ့သည့်အပတ်က စျေးနှုန်းထက် အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်မှ စက်တင်ဘာလ (၁၄) ရက်အထိ တစ်ပတ်တာကာလာအတွင်း ရောင်းချရမည့်စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ကျပ် (၆၅၂၀) ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်မှစပြီး ဈေးအနည်းငယ်ကျဆင်းခဲ့သော်လည်း ဩဂုတ်လွင် စျေးပြန်လည်မြင့်တက်လာခဲ့ပြီး ယခုစက်တင်ဘာလ တတိယအပတ်တွင် ကျပ် (၆၆၁၀) ထိ မြင့်တက်လာခြင်းဖြစ်သည်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက […] The post ယခုတစ်ပတ်ရောင်းချရမည် စားအုန်းဆီး အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်တက် appeared first on Popular .