Credit to Popular Journal - စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မှုမရှိခြင်း၍ မြန်မာနိုင်ငံ၌ကြုံတွေ့နေရသည့်အခက်အခဲများကိုဖြေရှင်းနိုင်ရန် ပထမဆုံးခြေလှမ်းဖြစ်သည့် သန်လျင်ရေနံချက်စက်ရုံစီမံကိန်းအားအတွက် စက်ရုံသစ်အား ရန် ကုန်တိုင်း၊ သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)တွင်တည်ဆောက်လျက်ရှိသည်။ ထိုသို့ တည်ဆောက်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးကိုကိုလွင်မှ ဒီဇင်ဘာ ၁၉ ရက်ကကြည့်ရှုစစ်ဆေး၍ ရေနံချက်စက်ရုံသစ်အား သတ်မှတ်စံ ချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးရေး၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် အပိုင်းလိုက်ဆောင်ရွက်ရမည်များအပြင် တစ်ပြိုင်တည်းတည်ဆောက်ရမည့်လုပ်ငန်းကို သေချာစွာပြင်ဆင်တည်ဆောက်ရန် မှာကြားသည်။ ထို့ပြင် ပြည်သူများ စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်တွေ့ကြုံနေရသည့်အခက်အခဲများကို အမြန်ဆုံးလျော့ နည်းသက်သာစေရန် Quick Win ဖြစ်စေမည့် Moduler Type စက်ရုံအား ပထမအဆင့်အနေဖြင့်တည်ဆောက်နေခြင်းဖြစ်၍ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်ကကြပ်မတ်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ သန်လျင်ရေနံချက်စက်ရုံသစ်စီမံကိန်းလုပ်ငန်းများနှင့် သီလဝါဆိပ်ကမ်းမှ စက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများသယ်ယူရောက်ရှိ တပ်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ The post စက်သုံးဆီအခက်အခဲကိုဖြေရှင်းနိုင်ရန် ပထမဆုံးခြေ လှမ်းဖြစ်သည့် သန်လျင်ရေနံချက်စက်ရုံစီမံကိန်း appeared first on Popular .