Credit to Popular Journal - မြန်မာနိုင်ငံ၏ ရေခဲတောင်များအနေဖြင့် ဒီဇင်ဘာလ (၂၇) ရက်တွင် ရေခဲထုတက်ရန်ရှိနေကြောင်း မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်တွင်ရေးသားထားသည်။ မြန်မာနိုင်ငံမြောက်ဖျားက အမြင့်ဆုံး ခါကာဘိုရာဇီတောင်နှင့် ဂန်လန်ရာဇီတောင်ထွတ်များရှိရာဒေသအတွင်း နှင်း (Snow) ဖုံးလွှမ်းမှုက ၁၂ လက်မမှ ၁၅ လက်မကျော်အထိရှိနေသည်ဟု ဆိုသည်။ ကြိုတင်ခန့်မှန်းချက်များအရ လာမည့် ၂၇ ရက်တွင် နှင်းထု ၀ ဒသမ ၉ လက်မခန့် ထပ်မံကျဆင်းနိုင်သေးသည်ကို တွေ့ရပြီး ယင်းနေ့တွင် နေ့အပူချိန် -၁၂°C နှင့် ညအပူချိန် -၁၉°C ရှိနိုင်ကာ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၅ မိုင်နှုန်းရှိကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နှင်းကျသည့်ဒေသမှာ ယင်းဒေသမှာသာရှိကြောင်း၊ ကျန်သည့်ဒေသများတွင် မြူဆိုင်း (Fog) တာရှိပြီး ၂၀၂၆ ခုနှစ်။ ဖေဖော်ဝါရီလအထိ အေးနေဦးမည်ဖြစ်ကြောင်း […] The post မြန်မာပြည်ရေခဲတောင်များ ရေခဲထု ထပ်တက်ရန်ရှိနေဟုဆို appeared first on Popular .