မုံရွာမြို့တွင် ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး

Credit to Popular Journal - ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၁၉) ရက်က မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။ မုံရွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာမဲရုံအလိုက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာများကိုပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။ နည်းပညာအထောက်အကူပြုအဖွဲ့များက တက်ရောက်လာကြသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုပုံအင့်ဆင့်တို့အားပြန်လည် ရှင်းလင်းပြသပြီး လက်တွေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မုံရွာမြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာများရှိ  မဲရုံပေါင်း (၈၉) ရုံအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး စုစုပေါင်း (၁၇၈) ဦးအား ခန့်အပ်လွှာများပေးအပ်ပြီးဖြစ်ကြောင်းလည်း သိရသည်။ The post မုံရွာမြို့တွင် ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး appeared first on Popular .