အာဆီယံ ကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ အစည်းအဝေးကို ကနေဒါနိုင်ငံ မြန်မာသံအမတ်ပါဝင်တက်ရောက်

Credit to Popular Journal - မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည့် ကိစ္စရပ်အပေါ် အာဆီယံသံရုံးအကြီးအကဲများအား သတင်းမှန်သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်သံအမတ်ကြီး Mr. Pham Vinh Quang ဦးဆောင်ကျင်းပသည့် အာဆီယံကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၉၄) ကြိမ်မြောက်အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများက အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် မြန်မာအစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်း လိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များအား နိုင်ငံတကာနှင့်ပူးပေါင်း၍ […] The post အာဆီယံ ကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ အစည်းအဝေးကို ကနေဒါနိုင်ငံ မြန်မာသံအမတ်ပါဝင်တက်ရောက် appeared first on Popular .