အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေး ကူညီလုပ်ဆောင်ပေးရန် နိုင်ငံရေးပါတီများကို UEC ညွှန်ကြား

Credit to Popular Journal - အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်လက်ဝယ်မရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံရေးပါတီများအားလုံး သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးများနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွ က်ပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်း သိရသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေ ၅၃ (က) နှင့် (ခ) အရ ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်တွင် မဲရုံ၌ မဲပေးခွင့်ရရှိရေး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရလက်မှတ်တို့ ပါရှိရမည်ဖြစ်သည်။ ယင်းအတွက် ရွေးကောက်ပွဲမကျင်းပမီ မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်အမြန်ဆုံးရရှိရေး သက်ဆိုင် ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် နိုင်ငံ ရေးပါတီများကို ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ “မှတ်ပုံတင်မရှိတဲ့ မဲပေးခွင့်ရသူတွေ မှတ်ပုံတင်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဆီကိုလာပြီး သက်ဆိုင်ရာမြို့နယ် လဝကရုံးမှာ လိုက်လုပ်ပေးဖို့ ညွှန်ကြားလာတာပါ” ဟု မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။ […] The post အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေး ကူညီလုပ်ဆောင်ပေးရန် နိုင်ငံရေးပါတီများကို UEC ညွှန်ကြား appeared first on Popular .