အိမ်ရာအဆောက်အအုံ (၂၄)လုံး တည်ဆောက်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်

Credit to Popular Journal - အိမ်ရာအဆောက်အအုံ (၂၄) လုံး တည်ဆောက်ရန်အတွက် စိတ်ဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနအိမ်ရာစီမံကိန်းအပိုင်း (၃) နှင့် လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း (၁)၊ အပိုင်း (၂) တို့တွင် အိမ်ရာအဆောက်အအုံ (၂၄)လုံး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ထို့ကြောင့် စိတ်ပါဝင်စားသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ထားပြီး တင်ဒါလျှောက်လွှာပုံစံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရုံးချိန်အတွင်း ရောင်းချပေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါလျှောက်လွှာပုံစံကို အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၌ ဝယ်ယူရမည်ဖြစ်ပြီးမြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀)၊ နေပြည်တော်တွင် တင်သွင်းရမည်ဖြစ်သည်။ The post အိမ်ရာအဆောက်အအုံ (၂၄)လုံး တည်ဆောက်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို ဖိတ်ခေါ် appeared first on Popular .