ရန်ကုန်၊ ဒီဇင်ဘာ ၂၀ မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံးပါဝင်သည့် Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေး အမျိုးသားညီညွတ်ရေးအစိုးရ- NUG က အားစိုက်ဆောင်ရွက်နေဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးပြောဆိုလိုက်သည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့တွင် အမျိုး သားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်း အသိပေး ပြော ဆိုလိုက်ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပထမ ခြေလှမ်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက်၍လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ အထူး သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားများ ပါဝင်သော Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေးကို အထူးအားစိုက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ […] The post တိုင်းရင်းသားအားလုံးပါဝင်သည့် Federal Supreme Council ဖွဲ့စည်းပေါ်ထွက်လာရေး NUG က အားစိုက်ဆောင်ရွက်နေဟု ယာယီသမ္မတ အသိပေး appeared first on Khit Thit Media .