ကန့်ဘလူမြို့နယ်၊ ဇီးကုန်း – မလယ်လမ်းဆုံအနီး ပြည်သူ့နေအိမ်များကို စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီး၊ မုံရွာမြို့ နယ်၊ ပေါက်ပင်ကျေးရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်း – မလယ်လမ်းဆုံအနီးရှိ ပြည်သူပိုင်နေအိမ်များကို အကြမ်း ဖက်စစ်တပ်နှင့် ပျူစောထီးများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ် ဝန်းကျင်အချိန် ဇီးကုန်း – မလယ်လမ်းဆုံတွင် အထိုင်ချထားတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ ပျူစောထီးများက အနီးအနားရှိ ပြည် သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊လတ်တလော နေအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေ အနေကို မသိရှိရသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။ “အဲဒီနေရာမှာက စကစ က သူတို့ပဲ ထိုင်ထားတာ။ သူတို့က အဲဒီမှာပဲ နေပြီး မထင်ရင် […] The post ကန့်ဘလူမြို့နယ်၊ ဇီးကုန်း – မလယ်လမ်းဆုံအနီး ပြည်သူ့နေအိမ်များကို စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီး၊ မုံရွာမြို့ နယ်၊ ပေါက်ပင်ကျေးရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ appeared first on Khit Thit Media .