ညောင်လေးပင်တွင် ကြံ့ဖွတ်ပါတီကို မဲပေးရန် ပြည်သူများအား ခြိမ်းခြောက်၍ ဖိအားပေးပြီး မုဒိမ်းမှုများပါ ကျူးလွန်ထားသော အုပ်ချုပ်ရေးမှူး နိုင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် ကြံ့ဖွတ်ပါတီကို မဲပေးရန် ပြည်သူများအား ခြိမ်းခြောက်၍ ဖိအားပေးပြီး မုဒိမ်းမှုများပါ ကျူးလွန်ထားသော အုပ်ချုပ်ရေးမှူး နိုင်ဝင်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့‌ကြောင်း 9 Stars Underground Force မှ မြွေပွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၂၄ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာ၌ ကြံ့ဖွတ်ပါတီကို မဲပေးရန် ပြည်သူများအား ခြိမ်းခြောက်၍ ဖိအားပေးနေသော အုပ်ချုပ်ရေးမှူးနိုင်ဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက သံတံတားစံပြ ကျေးရွာ အမှတ် ၉ ရပ်ကွက် ကျေးရွာလမ်းပိုင်းတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ပစ်ခတ် တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး […] The post ညောင်လေးပင်တွင် ကြံ့ဖွတ်ပါတီကို မဲပေးရန် ပြည်သူများအား ခြိမ်းခြောက်၍ ဖိအားပေးပြီး မုဒိမ်းမှုများပါ ကျူးလွန်ထားသော အုပ်ချုပ်ရေးမှူး နိုင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိ appeared first on Khit Thit Media .