ဆီးရီးယားရှိ IS အဖွဲ့ပစ်မှတ်များကို အမေရိကန်လေတပ်က ဒုတိယအကျော့ ထပ်မံတို-က်ခို-က်

Credit to Popular Journal - ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အစ္စလာမ်မစ်နိုင်ငံတော်(IS) အဖွဲ့ စခန်းများကို အမေရိကန် တို-က်လေယာဉ်များက ဒုတိယအကြိမ်မြောက် လေကြောင်းတို-က်ခို-က်မှုများ ပြုလုပ်ခဲ့ကြောင်း Al Hadath ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။ အမေရိကန်လေတပ်သည် “ဆီးရီးယားမြောက်ပိုင်းဒေသများတွင် တည်ရှိသည့် IS အဖွဲ့၏ ပုန်းအောင်းရာနေရာများနှင့် ကွပ်ကဲမှုဗဟိုဌာနများကို လှိုင်းလုံးအသွင်ဖြင့် အသစ်တဖန် ထပ်မံတို-က်ခို-က်ခဲ့ခြင်းဖြစ်သည်” ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။ Deir ez-Zor ပြည်နယ်ရှိ IS စခန်းများသည် အပြင်းထန်ဆုံး တို-က်ခို-က်ခံခဲ့ရကြောင်း ၎င်းရုပ်သံလိုင်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့အပြင် Al Hadath ရုပ်သံလိုင်း၏ အဆိုအရ အမေရိကန်တို-က်လေယာဉ်များသည် Homs နှင့် Raqqa ကျေးလက်ဒေသများအပြင် ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်သည့် ပယ်လ်မိုင်ရာ(Palmyra) တည်ရှိရာ Tadmor မြို့အနီးရှိ အကြမ်းဖက်စခန်းများကိုလည်း တို-က်ခို-က်ခဲ့သေးကြောင်း သိရသည်။ ၎င်း Tadmor […] The post ဆီးရီးယားရှိ IS အဖွဲ့ပစ်မှတ်များကို အမေရိကန်လေတပ်က ဒုတိယအကျော့ ထပ်မံတို-က်ခို-က် appeared first on Popular .