Credit to Popular Journal - အရွယ်မရောက်သေးသူများကို ကာမဂုဏ်ဖြင့် ဖျ-က်ဆီးမှုဖြင့် ပြစ်ဒ-ဏ်စီရင်ခံရပြီးနောက် ထောင်တွင်း၌ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့် Jeffrey Epstein ၏ အမှုတွဲဆိုင်ရာ အချက်အလက်များကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က စတင်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ Epstein ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် နယူးယောက်ပြည်နယ် ဥပဒေစိုးမိုးရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းသည် ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အသက် ၁၄ နှစ်အရွယ် အငယ်ဆုံးမိန်းကလေးများ အပါအဝင် အရွယ်မရောက်သေးသည့် မိန်းကလေးငယ် အများအပြားကို မန်ဟက်တန်ရှိ ၎င်း၏နေအိမ်သို့ လာရောက်ရန် စီစဉ်ခဲ့ကြောင်း အစိုးရရှေ့နေရုံးက အစီရင်ခံခဲ့သည်။ Epstein ၏ မိတ်ဆွေများနှင့် အသိအကျွမ်းများထဲတွင် အမေရိကန်ပြည်ထောင်စုမှသာမက အခြားနိုင်ငံအများအပြားမှ လက်ရှိနှင့် အငြိမ်းစား အစိုးရအရာရှိကြီးများ၊ နိုင်ငံတော်အကြီးအကဲဟောင်းများ၊ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် […] The post Jeffrey Epstein အမှုတွဲဆိုင်ရာ မှတ်တမ်းများကို FBI စတင်ထုတ်ပြန် appeared first on Popular .