မြန်မာနိုင်ငံမှ EU နိုင်ငံများသို့ ဆန်တင်ပို့ရန် စာချုပ်ချုပ်ဆိုပြီးပြီဟုဆို

Credit to Popular Journal - မြန်မာနိုင်ငံမှ EU နိုင်ငံများသို့ ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် စာချုပ်ချုပ်ဆိုပြီးဖြစ်ရာ လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် တင်ပို့သွားမည်ဟု မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်သူများအသင်းမှ သိရသည်။ တင်ပို့ရောင်းချမည့်ဆန်များမှာ ၆ ဒသမ ၂၂ မီလီမီတာ အရွယ်အစား ပေါင်းဆန်အသွယ်နှင့် ငါးမှတ်ဆန်ဖြူများဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံသို့ သုခဆန်နှင့် ကရင်မဆန်အမျိုးအစားများကိုသာ ဝယ်ယူနေပြီး နွေစပါးအဖြစ် ထွက်ရှိလာမည့် ဧည့်မထအသွယ်စပါးများကို ဝယ်ယူမည်ဖြစ်သည့်အတွက် စပါးစိုက်တောင်သူများအနေဖြင့် နွေစပါးဈေးကွက်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နိုဝင်ဘာလတွင် ငါးမှတ်ဆန်နှင့် ၁၀ မှတ်ဆန်တန်ချိန် ရှစ်သိန်းကျော်နှင့် ပေါင်းဆန်မှာ တန်ချိန် သုံးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ The post မြန်မာနိုင်ငံမှ EU နိုင်ငံများသို့ ဆန်တင်ပို့ရန် စာချုပ်ချုပ်ဆိုပြီးပြီဟုဆို appeared first on Popular .