ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာလ ၂၀ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စစ်တပ်စခန်းကို စစ်တပ်၏ လေကြောင်းနှင့် လက် နက်ကြီး ပစ်ကူများအကြားမှ ခက်ခက်ခဲခဲ သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်မှ စတင်ပြီး ကောလင်းမြို့နယ်၊ သစ်ဖုတောင်ထိပ်တွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စခန်းကို တော်လှန်ရေး ပူးပေါင်း တပ် ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား အများ အပြား ထိခိုက်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ […] The post ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး ရဲဘော် ၂ ဦး ကျဆုံး appeared first on Khit Thit Media .