ဝက်လက်နှင့် စစ်ကိုင်း မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှားရောင်းရွာကို ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယင်းနေ့တွင် ဝက်လက်မြို့နယ်၊ သစ်ဆိပ့်ရွာကို ကျောက်မြောင်း ခမရ ၁၂ တပ်ရင်းမှ အကြမ်းဖက် စစ်သားများကလည်း အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ […] The post ဝက်လက်နှင့် စစ်ကိုင်း မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ appeared first on Khit Thit Media .