ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့သော တွဲကားအတွင်းညပ်နေသည့်အမျိုးသမီးကို အချိန် နှစ်နာရီခွဲခန့်ကြာကယ်ထုတ်ခဲ့ရ

Credit to Popular Journal - မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ မိတ္တီလာ-တောင်ကြီးသွားကားလမ်းပေါ်တွင် ယနေ့ ဒီဇင်ဘာ ၂၀ ရက်မွန်းတည့် ၁၂ နာရီခွဲခန့်က တွဲကားတစ်စီးဘရိတ်ပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီးရှိ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းအတိုင်း ဘိလပ်မြေများတင်ဆောင်၍ တောင်ကြီးမြို့ဘက်မှမောင်းနှင်လာသော တွဲကားတစ်စီးသည် မိုင်တိုင်အမှတ် ၃၃/၀ အရောက် ဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲ လမ်းညာ ဘက်ချောက်ထဲသို့တိမ်းမှောက်ကာ ကားပေါ်တွင်လိုက်ပါလာသော အမျိုးသမီး (၁) ဦးမှာကားခေါင်းခန်းအတွင်းညပ်နေခဲ့ကြောင်း သိရသည်။ ထို့ကြောင့်  သာစည်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြရာ အခင်းဖြစ်ပြီး အချိန် နှစ်နာရီခွဲခန့်အကြာ မွန်းလွဲ ၂ နာ ရီ ၅၀ မိနစ်တွင် ထိခိုက်ဒ-ဏ်ရာရ(မစိုးရိမ်ရ)ဖြင့် ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ The post ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့သော တွဲကားအတွင်းညပ်နေသည့်အမျိုးသမီးကို အချိန် နှစ်နာရီခွဲခန့်ကြာကယ်ထုတ်ခဲ့ရ appeared first on Popular .