ဗိုလ်တထောင်စေတီတော်၌ ဒါနဥပပါရမီစုပေါင်းသွေးလှူဒါန်း

Credit to Popular Journal - ဗိုလ်တထောင်စေတီတော်မြတ်ကြီးရှိ ဆိပ်ကမ်းလုပ် သားပေါင်းစုံဓမ္မာရုံကြီးတွင် ယနေ့ ဒီဇင်ဘာ ၂၀ ရက်နံနက် ၉ နာရီက စေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာသူများမှ ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းမှုမှ သွေးပု လင်း(၁၂၃)ပုလင်းခန့်ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်သို့လှူဒါန်းပေးခဲ့ကြကာ သွေးလှူရှင်များအား ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြာဇံချက်၊ တီရှပ်နှင့် ရေသန့်များကိုလှူဒါန်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်နှင့် အ လှူရှင်များမှလည်း သွေးလှူရှင်များကို နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီးများ၊ M-150 အချိုရည်အအေးဗူးများ၊ Royal D အချိုရည်ဗူးများ၊ ဘီစကစ်နှင့် သံဓာတ်အားဖြည့်ဆေးများကိုလှူဒါန်းခဲ့ကြကြောင်း သိရသည်။ The post ဗိုလ်တထောင်စေတီတော်၌ ဒါနဥပပါရမီစုပေါင်းသွေးလှူဒါန်း appeared first on Popular .