Credit to Popular Journal - မကွေးတိုင်း၊ မင်းဘူးဒေသ၌ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်ရမည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဒီဇင်ဘာ ၂၀ ရက်က မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ဒေသခံများက စိုက်ပျိုး ရေးလုပ်ငန်းများအတွက်လိုအပ်သည့် စိုက်ပျိုးရေလုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးစေလိုမှုအတွက်တင်ပြမှုအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေလိုအပ်ချက်နှင့်ပတ်သက်၍ မကွေးတိုင်းအတွင်း နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကာ မင်းဘူးဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများတိုး တက်ပြောင်းလဲစေရန်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ “အဓိကလိုအပ်ချက်ဖြစ်တဲ့ စိုက်ပျိုးရေလုံလောက်စွာရရှိစေဖို့ကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားကြရပါမယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ပြင် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများအောင်မြင်စေရန် အားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်သွင်းအားစုများကို ဖြည့်ဆည်းပေးလျက်ရှိကာ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေးအတွက်လည်းဆောင်ရွက်ပေးလျက်ရှိ […] The post မင်းဘူးဒေသ၌ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအ တွက် နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်ရမည် appeared first on Popular .