Credit to Popular Journal - ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကိုထောက်ခံခြင်းဖြစ်သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဒီဇင်ဘာ ၂၀ ရက်နံနက်ပိုင်းက မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို မင်းဘူးမြို့၌တွေ့ဆုံ၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၈ ရက်မှစကာ ရွေးကောက်ပွဲကိုအပိုင်းသုံးပိုင်းခွဲ၍ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရန်အရေးကြီးပြီး မဲမသမာမှုများမဖြစ်ပေါ် စေရန်ဆောင်ရွက်ကြရမည်ဟု ပြောသည်။ “မဲစာရင်းမှာပါဝင်သူတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ဆောင်ရွက်ပေးရမယ်။ ဆန္ဒမဲပေးခြင်း/မပေးခြင်းဟာ မဲဆန္ဒရှင်တွေရဲ့ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမှာက အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာဆန္ဒမဲပေးခြင်းဟာ ဒီမိုကရေစီစနစ်အပေါ်လျှောက်လှမ်းခြင်းကိုထောက်ခံခြင်းဖြစ်ပြီး မဲမပေးခြင်းဟာ ဒီမိုကရေစီစနစ်အပေါ်လျှောက်လှမ်းမှုကို မထောက်ခံခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ကြောင့် မင်းဘူးဒေသအတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကာ ဒေသတွင်နေထိုင်သူများ၊ တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဒေသကိုချစ်သည့်စိတ်၊ […] The post ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကိုထောက်ခံခြင်းဖြစ် appeared first on Popular .