Credit to Popular Journal - မကြာမှီပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးကဝိုင်းဝန်းဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအား နိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရန် မှာကြားသည်။ ထို့ပြင် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်နေရမှု၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် ပြည်တွင်း ပဋိပ က္ခများနှင့် ပြည်ပမှကျူးကျော်မှုများကိုအခက်အခဲများကြားမှ သောင်းကျန်းသူချေမှုန်းမှုစစ်ဆင်ရေးများဆင်နွဲခဲ့ရမှု၊ နိုင်ငံတော်မှ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် နိုင်ငံရေးစနစ်များနှင့် ကြုံတွေ့ခဲ့ရမှုများ၊ ပြည်သူတစ်ရပ်လုံး၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ အုတ်မြစ်ချဆောင်ရွက်ပေးခဲ့မှုတို့ကို ပြောကြားသည်။ ” တပ်မတော်အနေနဲ့ ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ် စနစ်တကျဖြစ်ပေါ်လာအောင်ဦးဆောင်ဖော်ဆောင်ပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်သလို မြန်မာ့ဒီမိုကရေစီစနစ်ခိုင်မာအောင် တည့်မတ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ တပ်မတော်ဟာ ဒီမိုကရေစီအစိုးရအဖွဲ့တွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် […] The post ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးကဝိုင်းဝန်းဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာကြား ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအား နိုင်ငံ တော်တာဝန်များကိုလွှဲပြောင်းပေးသွားမည် appeared first on Popular .