ဒီဇင်ဘာ ၂၁ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - PNO ပြည်သူ့စစ်နယ်မြေက ဘိန်းခင်းဧက ရာချီကို ထပ်မံဖျက်ဆီးလိုက်တယ်လို့ စစ်တပ် ထုတ်ပြန်

ရှမ်းပြည်နယ်ထဲ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)နယ်မြေတွေနဲ့ ဆက်စပ်နယ်မြေတွေဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နဲ့ လွိုင်လင်မြို့နယ်တွေက ဘိန်းခင်းဧကပေါင်း ရာချီကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖျက်ဆီးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။