Credit to Popular Journal - မြန်မာ့လက်ရွေးစင်အသင်းနှင့် Thai League 1 ကလပ် La mphun Warrior အသင်းတွင် ညာတောင်ပံကစားနေသည့် မောင်မောင်လွင်ကို ရန်ကုန်ယူနိုက်တက်အသင်းက (၅)လအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တ ရားဝင် အသိပေးထားသည်။ သူသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့မှ စတင်ပါ ဝင်ကစားသွားမည်ဖြစ်ကာ ကျောနံပါတ်(၇၇)ကို ဝတ်ဆင် ကစားသွားမည်ဖြစ်သည်။ မောင်မောင်လွင်သည် အသင်းနှင့်အတူ လေ့ကျင့်ရေးအစီ စဉ်များစတင်ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ အောင်မြင်မှုရယူရန် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ မောင်မောင်လွင်သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ ချန်ပီယံဆုဖလားများကိုင်မြှောက်ခဲ့သည့် ကစားသမားဟော င်း တစ်ဦးလည်းဖြစ်ကြောင်း အသင်းက ဖော်ပြထားသည်။ The post မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ appeared first on Popular .