Credit to Popular Journal - ဆောင်းခိုငှက်များအား တရားမဝင်ဖမ်းဆီးရောင်းချနေမှုများကို ကြပ်မတ်ရန်လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။ လက်ရှိကာလမှာ မြန်မာနိုင်ငံသို့ ဆောင်းခိုငှက်များဝင်ရောက်သည့် ကာလဖြစ်သည့်အတွက် ဆောင်းခိုငှက်များကို ဖမ်းဆီးသ-တ်ဖြတ်ရောင်းချမှုများ မရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုကြခြင်းဖြစ် သည်။ “ဒီကာလမှာ အားလုံးက အခက်အခဲကိုယ်စီရှိနေကြတော့ ငှက်တွေကို ဖမ်းပြီးစျေးမှာရောင်းနေတာမျိုးတွေကို ပိုပြီးတွေ့လာရတယ်။ သူတို့အတွက် ဝမ်းရေးဖြေရှင်းနည်းတစ်မျိုးဖြစ်နေတော့ သူတို့ကိုလည်း အပြစ်ပြောဖို့ခက်တယ်။ ဒါပေမယ့် ဒီဆောင်းခိုငှက်မျိုးစိတ်တွေထဲမှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်တွေလည်းပါနေတော့ ဒါတွေကျတော့ ထိန်းသိမ်းဖို့လိုအပ်တာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလတွေမှာ ငှက်တွေက ပုံမှန်ထက်ပိုများတယ်ဆိုပြီး မဖမ်းကြဖို့အတွက် ကြပ်မတ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကထောက်ပြ ပြောဆိုသည်။ ဆောင်းခိုငှက်များသည် ကမ္ဘာ့မြောက်ခြမ်းတွင် ဥဥ၊ သားပေါက်ကြပြီး ဆောင်းရာသီတွင် ၎င်းတို့နေထိုင်ရာနေရာများသည် ရေခဲများ ဖုံးလွှမ်းသွားသောအခါ နေထိုင်ရာနေရာ၊ အစာရေစာများ […] The post ဆောင်းခိုငှက်များကို ဖမ်းဆီးရောင်းချမှုများအား ကြပ်မတ်ရန်လိုအပ်နေ appeared first on Popular .