Credit to Popular Journal - လက်ရှိအချိန်တွင် ရာသီဝက်အပြောင်းအရွှေ့ စျေးကွက်ကို ဖွင့်လှစ်ထားပြီးဖြစ်သည်နှင့်အညီ ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းက ဖိလစ်ပိုင်တောင်ပံကစားသမား Alyssa Jane Ube ကို ထပ်မံအားဖြည့် ခေါ်ယူထားသည်ကို အသင်းက အသိပေးထားသည်။ မကြာမီပြန်လည်စတင်တော့မည့် Myanmar Women League ဒုတိယအကျော့ပွဲစဉ်များအတွက် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ Alyssa Jane Ube သည် Stallion Laguna FC အသင်းနှင့်အတူ အာရှအမျိုးသမီးချန်ပီယံလိဂ် ပထမအဆင့်နှင့် ဒုတိယအဆင့် ပြိုင်ပွဲများကိုအတူတကွ ယှဉ်ပြိုင်ခဲ့ပြီး အာရှအမျိုးသမီးချန်ပီယံလိဂ် နောက်ဆုံးအဆင့်သို့ တက်ရောက်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ နိုင်ငံလက်ရွေးစင်ကစားသမားအနေဖြင့် ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသမီးအသင်းနှင့်အတူ ၂၀၂၁ -၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော အာရှဖလားပြိုင်ပွဲနှင့် ၂၀၂၁ ခုနှစ်တွင် အာဆီယံအမျိုးသမီးချန်ပီယံရှစ် ချန်ပီယံရရှိခဲ့သည့် ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့တွင်လည်း ပါဝင်ခဲ့ဖူးသည်။ လက်ရှိတွင် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်း၏ ဒုတိယအကျော့ပွဲစဉ်များအတွက် […] The post ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းမှ ဖိလစ်ပိုင်တောင်ပံကစားသမား Alyssa Jane Ube ကို ခေါ်ယူ appeared first on Popular .