လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် ခေါင်းစဥ်(၁၀) ခုအား လူငယ်(၃၅၀)ဦးခန့်က ဆွေးနွေးသွားမည်

Credit to Popular Journal - လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ နေပြည် တော်၌ (၃)ရက်ကြာကျင်းပသွားမည်ဖြစ်ရာ ဖိုရမ်တွင် ခေါင်းစဥ်(၁၀)ခုအား လူငယ်(၃၅၀)ဦးခန့်ကဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဒီဇင်ဘာ ၁၈ ရက်ကပြုလုပ်ရာ NSPNC မှ ဖိုရမ်အား လူငယ် (၃၅၀) ဦးဖြင့်ကျင်းပရန်လျာထားမှုနှင့် ဖိုရမ်ဖွင့်ပွဲကို လူအင်အား (၁,၀၀၀)ဖြင့်ပြုလုပ်ရန် စီစဥ်ဖိတ်ကြားမည့် လျာထားမှုတို့အားရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ချုပ်ဒေါက်တာ စန်းစန်းအေးမှလည်း အုပ်စု(၃)တွင်ပါဝင်သော ငြိမ်း ချမ်းရေးအဖွဲ့အစည်းများမှ လူငယ်အင်အားသည် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၆)ဦး၊ EAO လူငယ်များမှာ အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၈)ဦးတို့ဖြစ်၍ ယခုထက်အင်အားများများပါဝင်စေလိုသည်ဟုဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အတူ […] The post လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် ခေါင်းစဥ်(၁၀) ခုအား လူငယ်(၃၅၀)ဦးခန့်က ဆွေးနွေးသွားမည် appeared first on Popular .