ကြက်သွန်နီဈေးကွက် အနည်းငယ်မြင့်တက်လာ

Credit to Popular Journal - မိုးရာသီတွင် စိုက်ပျိုးသည့် ကြက်သွန်နီများ ဈေးကွက်၀င်လာချိန်တွင် အရည်သွေးကောင်းသည့် ကြက်သွန်နီများဈေး အနည်းငယ်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကြက်သွန်နီ‌ဈေးသည် ပြည်တွင်းဈေးသာမက ပြည်ပသို့ရောင်းချသည့် ဈေးပါ အပြောင်းအလဲများရှိနေပြီး ပြည်ပတင်ပို့သည့် ကြက်သွန်နီဈေးမှာ အရည်အသွေးကောင်းသည့် အမျိုးအစား FOB တစ်တန်လျှင် ဒေါ်လာ (၃၁၅/၃၂၅) မှ (၃၃၀/၃၄၀) သို့ ဈေးပြောင်းသွားပြီး အရည်အသွေးညံ့သည့် အမျိုးအစားများက တစ်တန်လျှင် ဒေါ်လာ (၁၅၅/၁၆၅) မှ (၁၃၀/၁၄၀) သို့ ပြောင်းလဲသွားကြောင်း သိရသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ပိဿာချိန် (၁၅၀,၀၀၀) ၀န်းကျင်ရှိပြီး ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ လက္ကားဈေးမှာ ဆိတ်ဖြူ (သစ်) ရှယ် တစ်ပိဿာလျှင် (၁,၈၀၀) ကျပ် မှ (၂,၂၀၀) […] The post ကြက်သွန်နီဈေးကွက် အနည်းငယ်မြင့်တက်လာ appeared first on Popular .