Credit to Popular Journal - ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-လားရှိုး-မူဆယ် ခရီးစဉ်များအတွက် တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်း ပြေးဆွဲနိုင်ရန် ထိုက်သူပန်တိုင်းရင်းဆေးဝါးလုပ်ငန်းမှ ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ ယာဉ်လိုင်းကို ထိုက်သူပန်အမည်ဖြင့် ပြေးဆွဲမည် ဖြစ်ကာ ဇန်နဝါရီ (၂၀) ရက်မှ စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း ပရဟိတလုပ်ငန်းများဦးဆောင်လုပ်ကိုင်နေသူ ဦးစိုးလှမြင့်ကလည်း ပြောသည်။ “အဝေးပြေးယာဉ်အစီးရေ (၁၀) စီး၊ ခရီးသည် (၄၅) ဦးစီးနိုင်မယ်” ဟု ၎င်းက ပြောသည်။ ခရီးသွားပြည်သူများ စျေးနှုန်းသက်သက်သာသာဖြင့် စီးနင်းသွားလာနိုင်ရန် အဓိကရည်ရွယ်သည်ဟုလည်း သိရသည်။ လက်မှတ်ခကို မသတ်မှတ်ရသေးသော်လည်း တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်းဖြစ်သည့်အတွက် စျေးသက်သာရန်စီစဉ်နေသည်ဟုလည်း သိရသည်။ ထိုက်သူပန်သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကိုလည်း ဆောင်ရွက်နေကာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင်ရှိ အခြေခံအိမ်ထောင်စုများကို ကိုဗစ်ရောဂါဖြစ်ပွားနေသည့်ကာလမှ ယခုအချိန်ထိ နေ့စဉ် ထမင်း၊ ဟင်းစတုဒိသာများ လှူဒါန်းလျက်ရှိပြီး အခမဲ့ဆေးဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိနေခြင်းလည်း ဖြစ်သည်။ […] The post တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်း ပြေးဆွဲနိုင်ရန် ထိုက်သူပန်တိုင်းရင်းဆေးဝါးလုပ်ငန်းမှ ဆောင်ရွက်နေ appeared first on Popular .