ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှု ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း CDM ဝင်ခဲ့ကြသော ပညာ ရေးဝန်ထမ်းများကြောင့် နိုင်ငံတွင် ပညာရေးဝန်ထမ်းလို အပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံလိုက်သည်။ ယမန်နေ့ ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ ဝန်ခံလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက် မင်းအောင်လှိုင်က မိမိတို့စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ပညာရေးဝန် ထမ်းအများစုမှာ လုပ်ငန်းခွင်စွန့်ခွာမှုများကို သစ္စာမဲ့စွာဖြင့် လုပ်ဆောင်ခဲ့ကြသော ကြောင့် နိုင်ငံအတွင်း ပညာရေးဝန်ထမ်းများ လိုအပ်ချက်ဖြစ်ပေါ်နေကြောင်း၊ အချို့ပညာရေးဝန် ထမ်းများအနေဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု၊ ဖိအားပေးခံရမှု၊ နိုင်ငံရေးဝါဒမှိုင်း ရိုက် ခတ်မှုတို့ကြောင့် လုပ်ငန်းခွင်စွန့်ခွာခဲ့ရမှုများရှိကြောင်း မင်းအောင်လှိုင်က ဝန်ခံ ပြောဆိုသည်။ စစ်တပ်က ထိုသို့ပညာရေးလုပ်ငန်းခွင် စွန့်ခွာခဲ့ရသူများအား […] The post စစ်အာဏာသိမ်းမှု ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း CDM ဝင်ခဲ့ကြသော ပညာရေးဝန်ထမ်းများကြောင့် နိုင်ငံတွင် ပညာရေးဝန်ထမ်းလိုအပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေဆဲဟု မင်းအောင်လှိုင်ဝန်ခံ appeared first on Khit Thit Media .