ပေါက်ခေါင်းတွင် ၉ တန်းကျောင်းသား ၂ ဦးကို စစ်တပ်က အွန်လိုင်းမှ လိမ်လည် စစ်မှု ထမ်းတပ်သားအဖြစ် စုဆောင်းမှု သတင်းမီဒီယာများက သတင်းဖော်ပြပြီးနောက် မိဘများထံသို့ ကျောင်းသား ၂ ဦးကို စစ်တပ်က ပြန်ပို့အပ်နှံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၉ တန်းကျောင်းသား ၂ ဦးကို စစ်မှုထမ်းတပ်သားအဖြစ် အွန်လိုင်းပေါ်မှ လိမ်လည်ခေါ်ဆောင်စုဆောင်းမှု သတင်းကို သတင်းမီဒီယာများက ဖော်ပြပြီးနောက် ယင်းကျောင်းသား ၂ ဦးကို မိဘများထံသို့ စစ်တပ်က ပြန်လည်အပ်နှံလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းအုပ်စု၊ အနောက်ကြို့ကုန်း အထက်တန်းကျောင်းတွင် တက်ရောက်နေသော ဒန်းတောင့်ရွာမှ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်တင်မျိုးအောင် နှင့် ပြည်မြို့နယ်၊ ကန်သာယာရွာမှ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်သော်ဇင်ဖြိုး တို့ကို စစ်တပ်က အွန်လိုင်းပေါ်မှတစ်ဆင့် ၁ လလျှင် ငွေကျပ် ၅ သိန်း လစာဝင်ငွေရမည့် အလုပ်ပေးမည်ဟု […] The post ပေါက်ခေါင်းတွင် ၉ တန်းကျောင်းသား ၂ ဦးကို စစ်တပ်က အွန်လိုင်းမှ လိမ်လည် စစ်မှု ထမ်းတပ်သားအဖြစ် စုဆောင်းမှု သတင်းမီဒီယာများက သတင်းဖော်ပြပြီးနောက် မိဘများထံသို့ ကျောင်းသား ၂ ဦးကို စစ်တပ်က ပြန်ပို့အပ်နှံ appeared first on Khit Thit Media .