Credit to Popular Journal - လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများဖွင်လှစ်ပေးပြီး ကြိုတင်ဆန္ဒမဲပေးခြင်းများကို သတ်မှတ်နေ့ရက်များအတိုင်းပြုလုပ်ခဲ့ကြသည်။ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့တွင် မဲရုံ (၅၀) ရုံဖွင့်လှစ်ပေးခဲ့သည်။ ထိုသို့ ဖွင့်လှစ်ကာ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြပြီးနောက် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ The post ပြည်ပမဲရုံ (၅၀) မှ ကြိုတင်ဆန္ဒမဲများကို UEC ထံလွှဲပြောင်းပေး appeared first on Popular .